အိမ်မှာနေရင်း စိန်အတုအစစ် အလွယ်တကူခွဲခြားနည်း
စိန်အတုအစစ်ကို အကြမ်းအားဖြင့် ဒီလိုခွဲခြားနိုင်ပါသည်။
၁။ စိန်ကိုရေထဲထည့်ပြီးကြည့်ပါ။ စိန်အစစ်က သိပ်သည်းဆမြင့်သောကြောင့် ရေအောက်ထိမြုပ်သွားပြီး အမြုပ်ပဲပေါ်နေရင်တော့ အတုလို့ယူဆလို့ရပါတယ်။
၂။ စိန်ကို အာငွေ့ရိုက်နည်းဖြင့် စမ်းသပ်နိုင်ပါတယ်။ စိန်အစစ်မှာ အပူကို အလျင်အမြန်စုပ်ယူနိုင်သောကြောင့် အာငွေ့မှာ ချက်ချင်းပျောက်သွားပြီး အနည်းငယ်ကြာမှ ပျောက်သွားရင်တော့ အတုဖြစ်နိုင်ချေများပါတယ်။
၃။ စိန်ကို စက္ကန့်အနည်းငယ်လောက်အပူပေးထားပါ။ ပြီးရင် ရေထည့်ထားတဲ့ခွက်ထဲသို့ အပူပေးထားတဲ့စိန်ကို ထည့်လိုက်ပါ။ ကွဲထွက်သွားရင် အတုဖြစ်နိုင်ပါတယ်။ စိန်အစစ်က ဘာမှဖြစ်မှာမဟုတ်ပါဘူး။
၄။ စာအုပ်ကို နောက်မှာထားပြီး စိန်ကိုကွယ်ပြီး ဖတ်ကြည့်ပါ။ စိန်အစစ်က အလင်းယိုင်စေလို့ စာဖတ်လို့ရမှာမဟုတ်ပါဘူး။ ရနေသေးရင်တော့ အတုလို့ယူဆပါ။