စိန်အတု/အစစ် ဘယ်လိုခွဲမလဲ?
၁။ စာရွက်ဖြူတစ်ရွက်ပေါ်တွင် မှင်စက်ကလေးချပြီး စိန်တစ်ပွင့်ကို မှောက်ကြည့်လိုက်ပါ။ အစစ်ဆိုလျှင် ထိုမှင်စက်လေးကို မမြင်ရပါ။ အတုဆိုလျှင် ဖောက်ထွင်းမြင်ရပါမည်။
၂။ စိန်အစစ်ကမာကျောခြင်းအဆင့်အမြင့်ဆုံးဖြစ်လို့ မှန်ပြင်(သို့)မာသောအရာတစ်ခုခုနဲ့ ပွတ်တိုက်ကြည့်ရင် လုံးဝစားမသွားပါဘူး။ အတုဆိုရင် ပွန်းစားသွားမှာပါ။
၃။ စိန်အစစ်တွေက ဖြောင့်တန်း၊ ပြတ်သား၊ ညီညာတဲ့သွေးကွက်တွေ ရှိပါတယ်။ အတုကတော့ မပြတ်မသား မသေမသပ်ရှိတတ်ပါတယ်။
၄။ Diamond Tester ကို အသုံးပြုစမ်းသပ်ပါ။ သုံးရတာအလွယ်ကူဆုံး ကိရိယာတစ်ခုဖြစ်တာမို့ အဆင်ပြေစေပါတယ်။