ရွှေကို ဘာကြောင့် ဝယ်ယူသင့်သလဲ။
ရွှေကို လက်ဝတ်ရတနာအသုံးအဆောင်အဖြစ် ဝယ်ယူဝတ်ဆင်ကြသလို အတုံး၊ အခဲ၊ အပြားပုံစံမျိုးစုံနဲ့ ဝယ်ယူစုဆောင်းကြပါတယ်။ ရွှေကို ရှေးခေတ်ကတည်းက အကြောင်းပြချက်မျိုးစုံနဲ့ အသုံးပြုခဲ့ကြပါတယ်။ ထိုအထဲကမှ ရွှေကို ဝယ်ယူစုဆောင်းသင့်တဲ့အချက်(၃)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ရွှေက ဒုတိယငွေကြေးဖြစ်ပါတယ်။
ရွှေရှိတာက ငွေရှိတာနဲ့အတူတူပါပဲ၊ ငွေထက်ပိုပြီး သိမ်းဆည်းရလွယ်ကူပြီး အလွယ်တကူငွေဖြစ်လွယ်ပါတယ်။
၂။ ငွေကြေးဖောင်းပွမှုဒဏ်ခံနိုင်ပါတယ်။
လူနေမှုစနစ်မြင့်လာတာနဲ့အမျှ အသုံးစရိတ်မြင့်မားလာပါတယ်။ ဒီလိုအခြေအနေမှာ ရွှေဈေးကလည်း မြင့်လိုက်လာပြီး တန်ဖိုးတက်လာပါတယ်။ သတ်တမ်းကြာလေတန်ဖိုးရှိလေပဲမို့ ဝယ်ယူဖို့သင့်ပါတယ်။
၃။ ငွေကြေးကဲ့သို့ အကန့်အသတ်မရှိပါဘူး
တချို့နိုင်ငံတွေကို အလည်အပတ်သွားတဲ့အချိန်မျိုးမှာ ငွေကြေးဘယ်လောက်ပမာဏပဲ ယူခွင့်ရှိတယ်ဆိုပြီး သတ်မှတ်တတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ပေါ်ဝတ်ဆင်ထားတဲ့ တန်ဖိုးကြီးရတနာဆို နိုင်ငံအများစုလက်ခံကြပါတယ်။ လိုအပ်ရင်လိုအပ်သလို အသုံးဝင်စေလို့ ရွှေကိုဝတ်ဆင်သင့်ပါတယ်