ပလက်တီနမ်နှင့်ရွှေဖြူကွာခြားချက်များ
ပလက်တီနမ်ဆိုတာ အဖြူရောင်ဂုဏ်သတ္တိရှိသော သဘာဝတွင်းထွက်သတ္ထုဖြစ်ပါတယ်။ ရွှေဖြူဆိုတာကတော့ ရွှေကို အဖြူရောင်ဂုဏ်သတ္တိရှိသော သတ္ထုများနှင့် ရောစပ်ပြုလုပ်ထားခြင်း ဖြစ်ပါသည်။
ပလက်တီနမ် (Platinum)
ပလက်တီနမ်ကို ပါဝင်တဲ့ရာခိုင်နှုန်းပေါ်မူတည်ပြီး Pt 999, Pt 990, Pt 950 ဆိုပြီး ခွဲပါတယ်။
1. Pt 999 – 99.9% သန့်စင်ပြီး ပလက်တီနမ်သတ္ထုပါဝင်ပါတယ်
2. Pt 990 – 99.0% နှင့်
3. Pt 950 – 95.0% သန့်စင်ပြီး ပလက်တီနမ်သတ္ထုပါဝင်ပါတယ်
ရွှေဖြူ (White Gold)
ရွှေပါဝင်တဲ့ ရာခိုင်နှုန်းပေါ်မူတည်ပြီး ခွဲထားပါတယ်။
1. 18K (Au 750)
75% ရွှေ
25% Silver, Manganese, Platinum တို့ ပါဝင်ပါတယ်။
2. 14K (Au 585)
58.5% ရွှေ
41.5% Silver, Manganese, Platinum တို့ ပါဝင်ပါတယ်။
ရွှေဖြူကို အရောင်နှင့်လည်း White Gold, Pink Gold, Yellow Gold ဆိုပြီး ထပ်မံခွဲခြားနိုင်ပါတယ်။
White Gold – Pure Gold + Silver, Manganese, Palladium တို့ ပါဝင်ပါတယ်။
Pink Gold – Pure Gold + Copper တို့ ပါဝင်ပါတယ်။
Yellow Gold – Pure Gold + Copper, Zinc တို့ ပါဝင်ပါတယ်။