မိမိအိမ်မှာပဲ လက်ဝတ်ရတနာလေးတွေကို ဘယ်လိုဆေးကြောမလဲ?
ရွှေနဂါးမင်းရွှေချစ်သူတို့ရေ…
မိမိတို့လက်ဝတ်ရတနာလေးတွေက ဖုန်နဲ့သနပ်ခါးဂျီးတွေတင်နေရင် အိမ်မှာပဲနေရင်း ဘယ်လိုပြောင်လက်အောင် ဆေးကြောသင့်လဲဆိုတာလေး ပြောပြပေးမယ်နော်။
နည်းလေးကတော့ လွယ်ကူရိုးရှင်းပါတယ်။ ရေကျက်သီးနွေးလေးထဲမှ ဆပ်ပြာဆီရယ် မုန့်ဖုတ်ဆိုဒါရယ်ထည့်ပြီး ဖျော်လိုက်ပါ။ ထိုအရည်ထဲကို လက်ဝတ်ရတနာများကို ၁၅ မိနစ်ခန့် စိမ်ထားပေးပါ။ ပြီးရင် သွားတိုက်တံပျော့ပျော့လေးသုံးပြီး ပွတ်တိုက်ဆေးကြောပါ။ ပြီးရင် စင်ကြယ်အောင်ရေဆေးပြီး တစ်ရှူးလေးနဲ့ သုတ်ပေးလိုက်ပါ။ ပြီးရင် အကြိုအကြားလေးတွေပါ ခြောက်သွေ့အောင် hair dryer လေးနဲ့မှုတ်ပေးလိုက်ရုံပါပဲနော်။ ဒါပြီးရင်တော့ စင်ကြယ်တောက်ပြောင်တဲ့ ရတနာလေးတွေကို ဂုဏ်ယူစွာဝတ်ဆင်နိုင်ပါပြီရှင့်။
