စိန်အကြောင်း သိကောင်းစရာ (အပိုင်း-၁)
စိန်ကို 4Cs ဖြင့် အရည်အသွေးနဲ့ ဈေးနှုန်းခွဲခြားသတ်မှတ်ပါသည်။
- Carat Weight – စိန်ရဲ့အလေးချိန်
- Color – စိန်ရဲ့အရောင်
- Clarity – စိန်ရဲ့သန့်စင်မှု
- Cut – စိန်သွေးကွက်
1. Carat Weight – စိန်ရဲ့အလေးချိန်
နိုင်ငံတကာတွင် Carat ကို အသုံးပြုပါသည်။ မြန်မာနိုင်ငံတွင်မူ ရတီချိန်ကိုသာ အသုံးပြုကြပါသည်။ 1 Carat တွင် 1.1 ရတီ ရှိပါသည်။ စိန်တစ်ပွင့်သည် ရတီချိန်ပိုလျှင် ပိုကြီးပြီး တန်ဖိုးပိုကြီးပါသည်။
2. Color – အရောင်
စိန်၏အရောကို D မှ Z ထိ အဆင့်ခွဲထားပါသည်။
D,E,F,G,H,I,J,K,L,M,N,…Z
D,E,F = Colourless
G,H,I = Near Colourless
K,L,M = Faint Yellow
N,O,P,Q,R = Very Light Yellow
S,T,U,V,W,X = Very Very Light Yellow ဟု ခွဲခြားထားပြီး Colourless (D,E,F) ဖြစ်လေလေ တန်ဖိုးမြင့်လေလေ ဖြစ်ပါတယ်
3. Clarity – သန့်စင်မှု
စိန်၏သန့်စင်မှုကို အောက်ပါအဆင့်များဖြင့် သတ်မှတ်ပါသည်။
Fl = Flawless
IF = Internally Flawless
VVS1 = Very Very Small Inclusion 1
VVS2 = Very Very Small Inclusion 2
VS1 = Very Small Inclusion 1
VS2 = Very Small Inclusion 2
SI1 = Small Inclusion 1
SI2 = Small Inclusion 2
SI3 = Small Inclusion 3
I1 = Inclusion 1
I2 = Inclusion 2
I3 = Inclusion 3
FL, IF, VVS1, VVS2 အထိ သန့်စင်မှုမြင့်သည်ဟု သတ်မှတ်ကြပြီး အထက်ပါအဆင့်အလိုက် သန့်စင်မှုအားနည်းလာပြီး အနာပါဝင်မှုပိုများလာပါသည်။
4. Cut – သွေးကွက်
စိန်တစ်ပွင့်၏လင်းလက်တောက်ပမှုသည် စိန်၏သွေးကွက်ပုံပေါ်တွင် များစွာမူတည်ပါသည်။ စိန်တစ်ပွင့်တွင် သွေးကွက် 57.58 ကွက်ရှိပါသည်။
