ရွှေကိုဘာကြောင့်ဝတ်ဆင်သင့်သလဲ?
ရွှေဝတ်ခြင်းကြောင့် ရရှိမည့် ကျန်းမာရေးအကျိုးကျေးဇူး(၆)မျိုး
၁။ အဆစ်ရောင်လက္ခဏာတွေကို သက်သာစေတယ်
ရွှေက လေးဘက်နာအဆစ်ရောင်ရောဂါရဲ့ လက္ခဏာတွေကို သက်သာလျော့ပါးစေနိုင်ပါတယ်။ အရေပြားမှထိကပ်ပြီး ရွှေထည်လက်ဝတ်ရတနာတွေဝတ်ဆင်ရုံနဲ့ ဒီဝေဒနာခံစားရတာတွေကို သိသာတဲ့ရာခိုင်နှုန်းအထိ သက်သာစေနိုင်ပါတယ်။
၂။ နာကျင်မှုကို လျော့စေတယ်
ရွှေကသွေးကြောတွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကောင်းစေတဲ့ အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်ရောက်ရှိမှု ပိုမိုကောင်းစေဖို့နဲ့ အနာကျက်၊ အနာသက်သာစေဖို့ အားပေးပါတယ်။
၃။ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတယ်
လူရဲ့ကိုယ်အပူချိန်မှန်နေရင် ကိုယ်ခံအားစနစ်လည်း ပိုမိုကောင်းစေပါတယ်။ အထူးသဖြင့် ချမ်းတုန်တတ်သူတွေ၊ ညဘက်ချွေးထွက်သူတွေ၊ Hot Flash ဖြစ်တတ်သူတွေအတွက် ရွှေဝတ်ဆင်ရန် ပိုမိုသင့်တော်ပါတယ်။
၄။ သွေးလည်ပတ်မှုကောင်းစေတယ်
သွေးလည်ပတ်မှုပိုကောင်းရင် လူကျန်းမာပြီး ရောဂါကင်းစေနိုင်ပါတယ်
၅။ အရေပြားကုထုံးအဖြစ်သုံးနိုင်တယ်
ရောမခေတ်ကတည်းက ရွှေကို အရေပြားလှပဖို့ကုထုံးအနေနဲ့ သုံးခဲ့ကြပါတယ်။ အခုဆိုရင် အလှကုန်ပစ္စည်းတွေနဲ့ အသားရေကုထုံးအမျိုးမျိုးမှာ ရွှေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်
၆။ စိတ်ကျန်းမာစေတယ်
ရွှေကို အလှအပအတွက်ရော ဂုဏ်ယူဝင့်ကြွားမှုအတွက်ပါ ဝတ်ဆင်ရတာ လူတိုင်းနှစ်သက်ကြပါတယ်။ ရှေးယခင်ကတည်းက ရွှေကို စိတ်ဖိစီးမှုသက်သာစေတဲ့ ဆေးတစ်လက်အဖြစ် သုံးစွဲကြတာရှိခဲ့ပါတယ်။ ရွှေဝတ်ဆင်ခြင်းကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုမိုရရှိစေပြီး စိတ်ခွန်အားတတ်စေပါတယ်